Ticker

6/recent/ticker-posts

Header Ads Widget

Responsive Advertisement

emmc တွေ nand flash တွေအကြောင်းလိုက်ဖတ်ရင်း အထောက်အကူရမယ်ထင်လို့ပါ

Coolpad 7251 တို့ Y60-C1 တို့ ကို firmware တင်ဖူးကြမယ်ထင်ပါတယ် Qdloader Mode ကနေ တင်ရတာပါ sdcard ထဲ ဖိုင် ၂ ဖိုင်ထည့်ပြီး qdloader mode ကိုဝင်ရပါတယ် .ကွန်ပျူတာရဲ့ device manager မှာ Qualcomm HSUSB Qdloader 9008 ဆိုပြီးသိနေပါတယ် ပြီးသွားရင် start ကို နှိပ်ပြီး ဖန်းဝဲတင်တယ်ပေါ့ ဟုတ်ပြီ နောက်ထပ် ကြားဖူးနေကြ Qualcomm MMC Storage Mode ဆိုတာရှိပါသေးတယ် Phone ရဲ့ EMMC က ကွန်ပျူတာမှာ Memory stick တစ်ခုလို လာပေါ်တာပါ. ဒီအခြေအနေ မှာ ဖုန်းက Diagnostic + MMC storage mode ကိုရောက်နေပါတယ် .ကွန်ပျူတာရဲ့ Device Manager မှာ Qualcomm HSUSB Diagnistic 9006 ဆိုပြီးတစ်ခုရယ် Qualcomm MMC Storage Device ဆိုပြီး စုစုပေါင်း Driver ၂ ခုသိနေပါတယ် ဖန်းဝဲတင်ဖို့က EMMC Raw Image ကို hex editor or emmc raw tool or partition wizard or many other partition manager software တွေနဲ့တင်ပါတယ် .. အဲ့တော့ Qualcomm Emmc ကို ရေးချင်ရင် ခုနက ပြောတဲ့ 9008 or 9006+MMC storage နှစ်ခုထဲက တစ်ခုသိရမယ်ပေါ့ . MMC Storage က ဖုန်းတစ်လုံးပါဝါပွင့်နေရင် ဝင်အောင်ခိုင်းလို့ရပါတယ် သူ့အတွက် ဆော့ဝဲတွေအများကြီးရှိပါတယ် . ကျွန်တော်ကတော့ qpst ကိုသုံးပါတယ် ( ကျွန်တော် သူများကို ပြန်ပြတဲ့ ဆော့ဝဲတိုင်း ကိုယ်တိုင်ရေးတာ မဟုတ်ရင် free version နဲ့သာပြပါတယ် ) ပါဝါပွင့်တဲ့ဖုန်းတွေ MMC Storage ကိုဝင်ပြီး emmc ရေးလို့ရရင် ပါဝါမပွင့်ပဲ သေနေတဲ့အလုံးတွေ ကျ ဘယ်လိုရေးမလဲ ? ဒါကတစ်ချက်ပါ Qdloader Mode ကနေရေးတဲ့ ဖန်းဝဲ က ဖုန်းတိုင်းအတွက် ရှိပါသလား . ? ဒါကတစ်ချက်ပါ အဲ့ ပြသနာ တွေကို ဖြေရှင်းနိုင်ရင် Qualcomm emmc က. ထင်သလောက်မခက်တော့တာ တွေ့ရပါလိမ့်မယ် . Qdloader Mode ကနေ ဖန်းဝဲတင်ရင် ဖုန်းမှာ ဘာတွေ ဖြစ်သွားသလဲ ? ဒါသိထားရပါမယ် Qdloader Mode Firmware ထဲမှာ ဘာတွေ ထူးခြားချက်ရှိသလဲ? ဒါသိထားရပါမယ် Firehose protocol တို့ sahara protocol တို့ ဆိုတာ ဘာကို ပြောတာလဲ သိထားရပါမယ်